သဲကုန်းမြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ

သဲကုန်း  စက်တင်ဘာ ၁       

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်း(၄)ဦး၊  တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး နှင့် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများမှ (ကရင်)တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် လောင်း (၈)ဦး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်လောင်း (၂၇)ဦးရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာ ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို  ဆန္ဒမဲ ပေးနိုင်သည့် မဲရုံ(၁၉၆)ရုံ ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်(၁၀၇၁၈၄)ဦးခန့် ရှိကြောင်း  မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)