နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း စက်တင်ဘာ ၁

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV.MCC TOKYO သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး M.V BRAVE WORTH သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ MV.SIRIUS LEADER သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး၊ MV.OCEAN GLORY သင်္ဘောပေါ်မှ သင်္ဘောသား (၃) ဦး၊ MV.WAN TONG STAR သင်္ဘောပေါ်မှ သင်္ဘောသား (၁၀) ဦးနှင့် MV.DINA OCEAN သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ စုစုပေါင်းသင်္ဘောသား (၃၅) ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၃၅) ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.MCC TOKYO သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် တတိယအင်ဂျင်နီယာဦးစည်သူထွန်းပါ သင်္ဘောသား (၆)ဦး၊ M.V BRAVE WORTH သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးရဲမြင့်ထွန်းပါ  သင်္ဘောသား (၄) ဦး၊ MV.SIRIUS LEADER သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးစောဒိုစိုးပါ  သင်္ဘောသား (၉) ဦး၊ MV.OCEAN GLORY သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးဇင်မျိုးလွင်ပါ သင်္ဘောသား (၃) ဦး၊ MV.WAN TONG STAR သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးခင်အောင်ထွန်းပါ သင်္ဘောသား (၉) ဦးနှင့် MV.DINA OCEAN သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကျော်ဇောပါ  သင်္ဘောသား (၆) ဦးတို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၃၅) ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁) ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)