ကယားပြည်နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးပပျောက် ရေး စီမံကိန်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပျားမွေးမြူရေးအထောက်အကူပြု ပြည်သူ ပညာပေးသင်တန်းဖွင့်လှစ်

လွိုင်ကော် စက်တင်ဘာ ၁

ခေတ်မီပျားမွေးမြူရေး အတတ်ပညာကို တောင်သူလယ်သမားများအတွင်း ပြန့်ပွားစေရန်၊ ပျားမွေးမြူရေးသည် ပျားနှင့်ဝတ်မှုန်ကူး ခြင်းဖြင့် သီးနှံအထွက်တိုးစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ကြောင်း တောင်သူလယ်သမားများ သဘော ပေါက် နားလည်ဆောင်ရွက်ရန်၊ ဒေသခံပျား အမျိုးမျိုးကို လေ့လာသုတေသနပြု၍ ဒေသအခြေအနေ နှင့် ကိုက်ညီသော ပျားမျိုးများ စနစ်တကျ မွေးမြူရေးကို ဆောင်ရွက်နိုင်ရန်၊ ဘိန်းစိုက်ပျိုးမူ ပပျောက်ရေး လုပ်ငန်းတွင် အထောက်အကူပြု လုပ်ငန်းတစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် ကဲ့သို့တစ်ပိုင် တစ်နိုင်မွေးမြူသလို ပျားမွေးမြူရေးအား မွေးမြူ လာခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလာစေရန်၊ ပျားမွေး မြူခြင်းဖြင့်ပျားစာရ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲစဉ်းငုံ၊ အစရှိသည်များကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြစ် ယနေ့ ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ ပိန်းချစ် ကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူကျေးရွာတို့တွင် သွားရောက်ကာ တောင်သူများအား စာတွေ့၊ လက်တွေ့ပြသ သင်ကြား ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ခေတ်မီပျားမွေးမြူရေး အတက်ပညာကို တောင်သူလယ်သမားများအတွင်း ပြန့်ပွားစေရန် အထောက်အကူပြု သင်တန်း ဖွင့်လှစ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကယားပြည်နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ ပြည်နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနတို့က လိုက်ပါပြီး အသိ ပညာပေး ဟောပြောခြင်း များကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အောင်ထွန်းလေး(ပြန်/ဆက်)