ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး Mask Campaign ကို ယမန်နေ့နံနက်ပိုင်းက ဇမိရတနာဈေးအနီးပတ်ဝန်းကျင်၌ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်အချက်များ လက်ကိုမကြာခဏ စနစ်တကျသန့်စင်ဆေးကြောရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်း(Mask)ကို စနစ်တကျတပ်ဆင်ရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်တို့ကို လိုက်လံအသိပေးနှိုးဆော်ပေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှားခေါင်းစည်း စနစ်တကျတပ်ဆင်ရေး အသိပညာပေး၍ နှာခေါင်းစည်း (Mask) များကို အခမဲ့တပ်ဆင်ဝေငှပေးခဲ့ကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)