ကျိုင်းတုံမြို့မဈေး၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး

ကျိုင်းတုံ           စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြို့မဈေး အတွင်း၌ ယနေ့  နံနက် ၈ နာရီက တာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာပေးလုပ် လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ကျိုင်းတုံ မြို့မဈးအတွင်း၌ ရောင်းချ လျက်ရှိသည့် ဈေးသည်များနှင့် လာရောက်ဝယ်ယူစားသုံးကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် နှာခေါင်းစည်းများကို စနစ် တကျ တပ်ဆင်အသုံးပြကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ် တကျ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)