ကလိန်အောင် စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်အောက်ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီက ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေးအားလည်းကောင်း အသက်(၁)နှစ်အောက်ကလေးသူငယ်များကို ပုံမှန်ကာကွယ် ဆေးအားလည်းကောင်း ထိုးနှံတိုက်ကျွေးကြပြီး မြို့ပေါ်ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၁) နှစ်အောက်ကလေးသူငယ်များကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်