အိမ်မဲ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျွဲလမ်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကစတင်ပြီး လျှပ်စစ်မီး လမ်းမီး စတင်ရရှိကြောင်း သိရသည်။
အဆိုပါလမ်းမီးရရှိရေးအတွက် နိုင်ငံတော်အစိုးရက ထရမ်စဖော်မာ(transformer) 100 KVA တစ်လုံး မီးကြိုးများနှင့် ဓာတ်တိုင်များကို ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာလူထု၏ ထည့်ဝင်ငွေ သိန်း ၁၂၀ ကျပ်ဖြင့် စတင်၍လမ်းမီးများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်က ကျောင်းစုရွာသားပါ ခုလိုလျှပ်စစ်မီး ရရှိတာဟာ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမှုနဲ့ ကျွန်တော်တို့ရွာသားတွေ စည်းစည်းလုံးလုံးလုပ်ကြလို့ ရရှိခဲ့တာပါ။ အခုလမ်းမီးတိုင်တွေ ရွာထဲမှာ ၂၆ တိုင်ရှိပါတယ်။ လမ်းမီးရရှိပြီဆိုတော့ အိမ်သုံးလျှပ်စစ်မီးတွေလည်း မကြာခင်ရတော့မှာပါ။ ရွာကလူတွေကလဲ လျှပ်စစ်မီးစတင်ရရှိလို့ ပျော်ရွှင်နေကြပါတယ်” ဟု အဆိုပါကျေးရွာသား တစ်ဦးကပြောသည်။
ချစ်သက်လယ်( အိမ်မဲ ပြန်/ဆက်)