ကိုကိုးကျွန်း စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေး ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကိုကိုးကျွန်းမြို့နယ် အတွင်းရှိ ဘိုးဘွား(၄၀)ဦးအား ကိုယ်အလေးချိန် စစ်ဆေး ပေးခြင်း၊ ဆံသခေါင်းညှပ်ပေးခြင်း၊ သွေးပေါင် တိုင်းပေးခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခြေသည်း လက်သည်းများ ညှပ်ပေးခြင်း၊ ဆေးထိုး ဆေးတိုက်များ ဆောင်ရွက်ပေးခြင်းနှင့် အထွေထွေ ရောဂါများကို စမ်းသပ်ကုသပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကို ဘိုးဘွားများအား ပေးအပ်ခဲ့ကြောင်း သိရသည်၊၊
ထိုသို့ သက်ကြီးဘိုးဘွားများအား စောင့်ရှောက်ပေးမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ တစ်လလျှင် တစ်ကြိမ် ပုံမှန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်မှ ပြောကြားကြောင်း သိရ သည်၊၊
ကိုကိုးကျွန်း(ပြန်/ဆက်)