ဖလမ်း စက်တင်ဘာ ၁
ဖလမ်းမြို့နယ် ကြက်ခြေနီအဖွဲ့ဝင်များအတွက် ကြက်ခြေနီဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၂ နာရီက ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။
အခမ်းအနားတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြား သည်။
ထို့နောက် ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး ဝန်ထမ်းများက ထောက်ပံ့ ပေးအပ်သော ကြက်ခြေနီဝတ်စုံ အမျိုးသားဝတ်(၁၀)စုံ၊ အမျိုးသားဝတ်(၁၀)စုံကို ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး က ပေးအပ်လှူဒါန်းကာ ဖလမ်းမြို့နယ် ကြက်ခြေနီအဖွဲ့ဉက္ကဋ္ဌ ဦးရူလ်ဇမ်းနှင့် တာဝန်ရှိသူများ က လက်ခံရယူကြပြီး ဖလမ်းမြို့နယ် ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)