ထန်းတပင် (ပဲခူး) စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် စပါးကျီကျေးရွာ (၁) ဦး ကြိမ်တောမြှောင် ကျေးရွာ (၁) ဦး ၊ ကင်မွန်းချုံ ကျေးရွာ (၄)ဦး၊ ငါးစီးလှောင်ကျေးရွာ(၃)ဦး ကွလှည်းလမ်းကူးကျေးရွာ (၃) ဦး၊ မဲဘလံကျေးရွာ(၁)ဦး၊ တလိုင်းအိုင်ကျေးရွာ(၁)ဦး စုစုပေါင်း (၁၄)ဦးတို့သည် ပြည်ပနိုင်ငံရှိ စက်ရုံ များတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယနေ့ ညနေ (၃)နာရီခွဲ က ထန်းတပင် မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ပနိုင်ငံများမှ ထန်းတပင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်ပြန် (၁၄)ဦးအား ထန်းတပင်မြို့နယ်အတွင်း သက်ဆိုင်ရာကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံများတွင် ဖွင့်လှစ်ထား သည့် Facility Quarantine ၌ (၁-၉-၂၀၂၀)ရက်နေ့မှ (၂၀-၉-၂၀၂၀)ရက်နေ့အထိ Facility Quarantine ဝင်ရောက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးဌာနမှ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)