ဒီးမော့ဆိုမြို့နယ်တွင် Maskတပ်ဆင်ခြင်းမရှိသောပြည်သူများအားစစ်ဆေးဆောင်ရွက်လျက်ရှိ

ဒီးမော့ဆို       စက်တင်ဘာ    

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းရှေ့၌ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့များကနေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ နေသော ပြည်သူ များအားမဖြစ်မနေ Mask တပ်ဆင်အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် အသုံးပြုခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ပြီး Mask တပ်ဆင်ခြင်း မရှိသော ပြည်သူ (၁၅၉) ဦးအား Mask နှစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေကာ အရေးယူ ဆောင်ရွက် ခဲ့ပြီးပြည်သူများအနေနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါကမဖြစ်မနေ Mask တပ်ဆင် အသုံးပြုပြီး ထွက်ခွာသွားလာကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရီရယ်(ဒီးမော့ဆို)