လှိုင်သာယာ(အရှေ့ပိုင်း) ၊ စက်တင်ဘာ ၊ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း (Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သတ်၍ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ လှိုင်သာယာမြို့နယ်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် အလှူရှင်များတက် ရောက်ကာ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက် ၍ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ် ပြင်ပသို့ ထွက်ခွာသွား လာသည့်အခါများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်နှင့် စျေး သို့သွားလာရာတွင်လည်း နှာခေါင်းစည်း (Mask)တပ်ဆင်ပြီး သွားရောက်ရန် မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဝင်များနှင့် ပရဟိတအဖွဲ့များ အလှူရှင်များ ဆက်သွယ်ပူး ပေါင်းဆောင်ရွက်ကြပြီး Quarantine Center ထားရှိရာနေရာကို ရွေးချယ်ကြရန် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာကြသူများအား Home Quarantine ထားရှိသော စစ်တွေပြန် ပြည်သူ များကို ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်မှုရှိ/မရှိ ဓါတ်ခွဲ စစ်ဆေးနိုင်ရန်အတွက် မြို့နယ် ကျန်းမာရေးဌာန နှင့်ပရဟိတ အသင်းအဖွဲ့ တို့ပူးပေါင်း၍ သာသနာ့ဗိမာန်တွင် ၄င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့ကိုဓာတ်ခွဲ နမူနာ ရယူခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် Quarantine Center ထားရှိရေးနှင့် လိုအပ်သော PPE ဝတ်စုံ(၅၀)စုံကို ပရဟိတအဖွဲ့များသို့ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်က လှူဒါန်းပြီး Quarantine Center ထားရှိရန် အတွက် ခေါ်ဆောင်သည့် ကားခ ဆီဖိုးငွေကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်း Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)