ပေါင်းတည် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း(၄)ဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး ပဲခူးတိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသား) လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ ကြမည် ဖြစ်ကြောင်း သိရသည်။
တင်ဝင်းဇော် (မင်းသားကြီး)ပေါင်းတည်