ပုသိမ်ကြီး စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်း ၍ ယမန်နေ့နံနက် ၇ နာရီက ပုသိမ်ကြီးမြို့မဈေးအနီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအနေဖြင့် Mask Campaign ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေး စတစ်ကာများ ဖြန့်ဝေခြင်းများအပြင် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်အသုံးပြုပုံများကိုလည်း သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်းနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီအသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို