ဝေါ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဩဂုတ်လ (၃၀)ရက်နေ့မှ စတင်၍ ဝေါမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများကို မြို့နယ် ကော်မရှင် ရုံးနှင့် ဝေါမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆၄)အုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ ထား ကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ ခွဲရုံးမှသိရသည်။
ဝေါမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် (၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာတွင် (၄)ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) တွင် (၄)ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂)တွင် (၄)ဦး ၊ တိုင်းရင်းသားလူမျိုးများ ကိုယ်စားလှယ် စာရင်းတွင် (၈)ဦး ၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း(၂၄) ဦးတို့၏စာရင်းအား ကပ်ထားကြေညာပေးထားကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)