ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူ(၆၉)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်     စက်တင်ဘာ   ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိရာ ဩဂုတ်လ ၃၁ ရက်နေ့၊ ညနေ(၆)နာရီအချိန် က(၈)ဉီး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က (၆၁)ဉီး စုစုပေါင်းနေရပ် ပြန်ပြည်သူ(၆၉)ဉီးတို့အား  လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်နေရပ်ပြန်ပြည်သူ(၆၉)ဉီးမှာ အမျိုးသား(၃၀)ဉီး၊ အမျိုးသမီး(၃၉)ဉီး တို့ ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးမှ(၂)ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ(၁၂)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၇)ဉီး၊ ပဲခူး တိုင်းဒေသ ြီးမှ(၇)ဉီး၊ မကွေးတိုင်းဒေသကြီးမှ(၉)ဉီး၊ဧရာဝတီတိုင်းဒေသကြီးမှ(၄)ဉီး၊ ကချင်ပြည်နယ်မှ(၃)ဉီး၊ ရှမ်းပြည်နယ်မှ(၂၄)ဉီး၊ နှင့် နေပြည်တော်မှ(၁)ဉီးတို့ ဖြစ်ကြောင်း သိရသည်။

၎င်း နေရပ်ပြန်ပြည်သူများမှာ  တရုတ်နိုင်ငံမှလွှဲပြောင်းလာသည့်   အမျိုးသား(၂၁)ဉီး၊ အမျိုးသမီး(၃၁)ဉီး စုစုပေါင်း (၅၂) ဉီး တို့သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးအမျိုးကြောင့်  ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍   ၎င်းတို့အား ချင်းရွှေဟော်မြို့ ၊မြို့တော်ခန်းမ ၊အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွင် ခေတ္တထားရှိပြီး  ချင်းရွှေဟော်မြို့ ၊ ကုသရေးဉီးစီးဌာန မှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့အား ရယူကာ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေ ကောင်းမွန်ကြောင်းသိရ၍  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေ သကြီး/ပြည်နယ်များသို့ နေရပ်ပြန် ပြည်သူများအား   စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၈၂၁၅)ဉီးနှင့် အမျိုးသမီး(၆၆၁၅)ဉီး တို့ဖြစ်ပြီး စုစုပေါင်း  နေရပ်ပြန်ပြည်သူ(၁၄၈၃၀)ဉီး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)