သန်လျင်၌ ကိုဗစ်-၁၉ ကာကွယ်ရေး အရှိန်မြှင့်ဆောင်ရွက်
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ အတွက် ဖွင့်လှစ်ထားရှိသော နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့၌ ဖွင့်လှစ်ထားသော Facility Quarantine Centre များတွင် ထားရှိသူများအား ကူညီဆောင်ရွက် ပေးလျက်ရှိသော Volunteer များ၊ တာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။