ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာတွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး ခြင်းဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေး ကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများ ခြင်ကြောင့် ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် ကျေးရွာတွင်းခြင်းဆေးဖျန်းခြင်းလုပ်ငန်းကို စက်တင်ဘာလ () ရက်နေ့၊ ညနေ()ခွဲအချိန်က အဆိုပါကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာဝန်ထမ်း လူငယ်အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ကျေးရွာတွင်းခြင်းဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆတ်ကလေးကျေးရွာအတွင်းရှိ လမ်းများ ဘေးဝဲယာတစ်လျှောက်တို့တွင် ခြင်ဆေး ဖျန်းခြင်း လုပ်ငန်းများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် စေတနာဝန်ထမ်းလူငယ်အဖွဲ့ဝင် များက လိုက်လံ ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။

ဒီနေ့ကတော့ ဆတ်ကလေးကျေးရွာအတွင်းမှာ ခြင်ဆေးဖျန်းတဲ့ လုပ်ငန်းကိုဆောင်ရွက်နေ တာပါ ဆက်လက်ပြီးတော့ အပတ်စဉ် အလှည့်ကျ အနေနဲ့ ကျေးရွာခွဲတွေဖြစ်တဲ့ အိမ်လေးလုံးကျေးရွာ၊ ကျောက်ပုန်းလေးကျေးရွာနဲ့ညောင်ပင်ကုန်းကျေးရွာတွေမှာ ကျေးရွာနေပြည်သူ တွေ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်ဖို့အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့စီစဉ်နေ ပါတယ်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းက ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်ပတ်သက်၍ပြောသည်။

ဇင်မင်းထိုက်(ထန်းတပင်)