ရန်ကုန် စက်တင်ဘာ ၂
သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine center အဖြစ် အသုံးပြုမည့် နေရာ အား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး အတွက် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ကွင်းဆင်းကြည့်ရှုကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့် အဖွဲ့ဝင် များသည် သင်္ဃန်းကျွန်းမြို့နယ် Facility Quarantine Centerအဖြစ် အသုံးပြုမည့် သုဝဏ္ဏ(၂၉)ရပ်ကွက် မြဝတ်ရည်လမ်းရှိ ဆောက်လုပ်ရေး ဗဟိုသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ မိမိတို့မြို့နယ် အတွင်း ရောဂါပိုးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့ ရှိသူများအား အချိန်မီ Quarantine ထားရှိနိုင်ရေး၊ ပိုးတွေ့လူနာ နေထိုင်ခဲ့သော အိမ်နှင့် ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းခြင်းများနှင့် Lockdown ချထားရေးများ စသည့် COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင် ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)