ချောက် စက်တင်ဘာ ၂
ချောက်မြို့နယ်တွင် ယမန်နေ့ နေ့လယ်အချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၅) ရပ်ကွက်၊ ရတနာအိုင့်ရပ်ရှိ ရတနာ အိုင့်ချောင်းမှာ ချောင်းရေကျဆင်းလာပြီး မိုလာဘက်မှမောင်းနှင်လာသော Nissan Panaty အဖြူရောင်ယာဉ်မှာ ချောင်း အလယ်အရောက်တွင် စက်ရပ်သွားပြီး ဆက်လက်မောင်းနှင်မရမှု ဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်အား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးသိန်းဇော်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ် ဒုတပ်ရင်းမှူး ဦးဝင်းတင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးတို့မှ ယာဉ်နှင့်လူမျောပါမသွားစေရန် ကြိုး၊ ဆွဲဆိုင်းကြိုးများ အသုံးပြု၍ တံတားတိုင်ဖြင့် ချည်နှောင်ထိန်းထားပြီး ထွန်စက်ဖြင့် ဆွဲတင်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ နေရာသို့သွားရောက်၍ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ရဲမှူးစိုးစိုးနှင့်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မချို(ပြန်/ဆက်)