လှိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ အမှတ် (၁၂)ရပ်ကွက်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံး သန့်ရှင်းရေးဝန်ထမ်းအိမ်ရာတွင် နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ခြင်ထောင်(၁၅)လုံး ဆေးစိမ်ခြင်း၊ အုတ်ရေကန် (၅ )ကန်၊ ရေတိုင်ကီ(၁၅)လုံး၊ အိမ်ခြေစုစုပေါင်း(၈၀)အိမ်အား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။