ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ပြင်ဆင်မှုများအား ကွင်းဆင်းကြည့်ရှု
Mar 25,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါက ကုသဆောင်ရွက်ခြင်းလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် သီးခြား ဆေးကုသဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကြည်ရှုစစ်ဆေးမှုများ ဆောင်ရွက်ကြသည်။