သတင်းများ

ကန်ကြီးကျေးရွာတွင် မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 02,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြီးပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ဆေးကတ်ပြားမရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးရအောင် ရည်ရွယ်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ကန်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
မွန်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး
Sep 02,2020
မွန်ပြည်နယ် COVID-19 လုပ်ငန်းညှိနှုင်းအစည်းအဝေးကို မော်လမြိုင်မြို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ယနေ့နံနက် (၁၀:၀၀) နာရီက ကျင်းပသည်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁ရက်နေ့အတွက် ည(၈:၀၀)နာရီ၌ အတည်ပြု လုပ်ရာ (၃၂)ဦးတွေ့ရှိမှု အခြေအနေတွင်မွန်ပြည်နယ် မော်လမြိုင်မြို့မှ အတည်ပြုလူနာ(၈)ဦး တွေ့ရှိခဲ့ခြင်းနှင့် ပတ်သက်၍  ကျင်းပခြင်းဖြစ်သည်ဟု ပြောကြားသည်။
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ဂွေးတောက်ပင်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Sep 02,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုသည် ယခုအခါ မိရိုးဖလာသီးနှံ စိုက်ပျိုးခြင်းအပြင် စားဖိုချောင်သုံးအရွက်ဖြစ်သော ဂွေးတောက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိလာ ကြောင်း သိရှိရသည်။
မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆောင်ရွက်ပေးမည့်ဝန်ဆောင်မှုလုပ်ငန်းများအား လက်ကမ်းစာစောင်ဖြန့်ဝေ
Sep 02,2020
ကရင်ပြည်နယ်၊ မြဝတီမြို့၌ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုလုပ်ငန်းများပါရှိသည့်လက်ကမ်းစာစောင်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ မှ စာဖတ်ဝိုင်း ပြုလုပ်
Sep 02,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း ၍ “ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို
စစ်ကိုင်းမြို့တွင် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်
Sep 02,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများထံသို့ ထောက်ပံ့ငွေ လက်ဝယ် အရောက် ပေးအပ်ခြင်းကို ယမန်နေ့၊ နံနက်(၁၀)နာရီက စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်များ ကပ်ထားကြေညာ
Sep 02,2020
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၀ ရက်နေ့မှစတင်ကာ ကပ်ထား ကြေညာ ထားကြောင်းသိရသည်။
ပဲခူးမြို့တွင် COVID-19 ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 02,2020
ပဲခူးမြို့ ရွှေမော်ဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့တွင် စက်တင်ဘာ ၂ရက် နံနက် ၉နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန