သတင်းများ

ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ် တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန် ကူးတို့ဆိပ် ၁၁ ဆိပ်တွင် ရန်ကုန်မြစ်တွင်း ခရီးသည် ပို့ဆောင်ပေးနေသော စက်တပ်သမ္ဗန်များနှင့် ကူးတို့ဆိပ်တို့၌ လတ်တလောဖြစ်ပွားနေသော အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီခွဲ က စတင်ပြီး  မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာဖြန့်ဖြူးမှု တစ်ရက်တာ သင်တန်း ဖွင့်လှစ်ပို့ချ
Sep 02,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ကျေးရွာ ၁၂ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း
ကရသူရိမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်း ကပ်ထားကြေညာချက်များအား ဒေသခံပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှု
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယနေ့နံနက်က ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာခဲ့ရာ ဒေသခံပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ပလောက်မြို့ရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကပ်ထားကြေညာ
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပုလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒရှင်အမှတ် (၁၀)၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်များစာရင်းကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့မှစတင်၍ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူ (၂၁)ဦးကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်
Sep 02,2020
လက်ရှိဖြစ်ပွားလျှက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ စက် တင်ဘာ ၂ ရက်က Mask မတပ်ဆင်သူ (၂၁) ဦးတွေ့ရှိခဲ့ပြီး၊ ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖားကန့်၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Sep 02,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်၌ ယနေ့နံနက် ၃ နာရီက သွေးလွန်တုပ်ကွေး ရောဂါ အဆင့်-၄ဖြင့် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီးနောက် ကလေးငယ် နေထိုင်ရာ မော်ဝမ်းရပ်ကွက်၊ အုပ်စု(၆)တွင် ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် ကြက်ခြေနီ စေတနာ့ဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများအား ချက်ခြင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 02,2020
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုထားသည့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အသိပေးနိူးဆော်ချက်များကို အများပြည်သူများ သိရှိနိုင်စေရေးအတွက် နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။