နမ့်ဆန်မြို့နယ် ဇယန်းကြီးကျောင်းတိုက်တွင် တရားနာရောက်ရှိနေကြသော သက်ကြီးဘိုးဘွားများအား mask များဝေငှပေး

နမ့်ဆန် စက်တင်ဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့နံနက်က ဝါခေါင်လပြည့်နေ့ တရားနာ လာရောက်ခဲ့ကြသော သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ကုသရေး ကော်မတီနှင့် တက်ကြွလူငယ်များတို့က mask များ အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းထား သည့် mask များကို မိဘပြည်သူများ အသုံးပြုနိုင်ရန် ဇယန်းပန်လောရပ်ကွက် ရွာထိပ်မှစ၍  ရပ်ကွက်အတွင်းလှည့်လည်၍ mask မတပ်ထားသူများကို mask များဝေငှပေးခြင်း၊  အပြင်ထွက်တိုင်း mask တပ်ပြီးသွားလာကြဖို့ အသိပညာပေး လှုံ့ဆော်ခြင်းပြုလုပ်ပြီး ဇယန်းကြီး ကျောင်းတိုက်ရှိ တရားနာနေကြသော အသက်ကြီးဘိုးဘွားများအား mask အလုံးရေ (၅၀၀)ကျော်ကို ဝေငှပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီထံမှ သိရသည်။

အောင်မိုး (နမ့်ဆန် ပြန် ဆက်)