ရေဇွာ စက်တင်ဘာ ၂
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်း မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံများပြသခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆောင်းပါးများ၊ ကဗျာများ ပြသခြင်းနှင့် လက်ရှိနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့် သက်ဆိုင်သော ကျန်းမာရေး အသိပညာပေး ဆောင်းပါးနှင့် ကဗျာများဖြင့် လစဉ်အသစ်လဲလှယ် ဆောင်ရွက်ပြသ လျက်ရှိပါသည်။
ထို့နောက် မြေစိုက်ရံကပ်ပြဘုတ် ကြည့်ရှုသူတစ်ဦးက နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများ နှင့် အခြားသက်ဆိုင်ရာ ဗဟုသုတများကို လစဉ်အသစ် ပြောင်းလဲပြသ ပေးသည့်အတွက် ဗဟုသုတများစွာ ရရှိပါသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)