နမ့်စန်(တ) စက်တင်ဘာ ၂
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်သည် ယနေ့ နံနက် ၁၀ နာရီက နမ့်စန်မြို့ အမှတ်(၄)ရပ်ကွက် သုခိတာရုံကျောင်းတိုက်ရှိ ရဟန်းသံဃာနှင့် သာမဏေ များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သုခိတာရုံကျောင်း တိုက်ဆရာတော်ထံ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ၊ နမ့်စန်လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင် နှင့် တပ်မတော်အရာရှိများက သုခိတာရုံကျောင်းတိုက်ရှိ ရဟန်းသံဃာနှင့် သာမဏေ (၃၂)ပါးအတွက် အလှူငွေ ၁၇၅၀၀၀ ကျပ် ၊ ရွှေဖီဦးလက်ဖက်ရည် အထုတ်ကြီးများနှင့်ကြက်ဥများကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ သုခိတာရုံကျောင်းတိုက် ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ လိုက်ပါလာသော အမှတ်(၈)ကုတင်(၁၀၀) ဆေးတပ်ရင်းမှ တာဝန်ရှိသူများက ဆရာတော် သံဃာတော်နှင့် သာမဏေများကို ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)