သတင်းများ

နမ္မတူမြို့နယ်၌ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ပလောက်မြို့ရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကပ်ထားကြေညာ
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပုလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒရှင်အမှတ် (၁၀)၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်များစာရင်းကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့မှစတင်၍ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူ (၂၁)ဦးကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်
Sep 02,2020
လက်ရှိဖြစ်ပွားလျှက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ စက် တင်ဘာ ၂ ရက်က Mask မတပ်ဆင်သူ (၂၁) ဦးတွေ့ရှိခဲ့ပြီး၊ ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖားကန့်၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Sep 02,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်၌ ယနေ့နံနက် ၃ နာရီက သွေးလွန်တုပ်ကွေး ရောဂါ အဆင့်-၄ဖြင့် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီးနောက် ကလေးငယ် နေထိုင်ရာ မော်ဝမ်းရပ်ကွက်၊ အုပ်စု(၆)တွင် ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် ကြက်ခြေနီ စေတနာ့ဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများအား ချက်ခြင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 02,2020
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုထားသည့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အသိပေးနိူးဆော်ချက်များကို အများပြည်သူများ သိရှိနိုင်စေရေးအတွက် နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် သဖန်းကုန်းသုဓမ္မာကျောင်း၏ ပညာဒါန ကွန်ပျူတာသင်တန်း(တတိယ)အကြိမ်မြောက် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကျင်းပ
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သဖန်းကုန်းဖြေဆည်ရာ ဆရာတော်မှ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် ပညာဒါန ကွန်ပျူတာသင်တန်း(တတိယ)အကြိမ်မြောက် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက သဖန်းကုန်း သုဓမ္မာကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ အသိပညာပေး ကြေညာချက်များအား အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့်နှိုးဆော်
Sep 02,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်း ချုပ်နိုင်ရန်နှင့် ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များကို ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် အတွင်းရှိ ရပ်ကွက် ၁၆ ရပ်ကွက်၌ သက်ဆိုင်ရာ အုပ်ချုပ်​​ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၈ နာရီကစ၍​ နေ့စဉ် နံနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် နှိုးဆော်ပေးလျက်ရှိကြကြောင်း သိရသည်။