သတင်းများ

အမှတ်(၁​) ပေါက်တံတား​ပေါ်မှ (၆)ဘီးယာဉ်တစ်စီး​ ယော​ချောင်းအတွင်း ပြုတ်ကျ၊ ၃ ဦး​သေဆုံး
Mar 31,2020
မ​ကွေးတိုင်း​ဒေသကြီး ​ပေါက်မြို့နယ်၌ ယမန်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က ပခုက္ကူဘက်မှ ပေါက်ဘက်သို့ ယာဉ်မောင်း ဦး--- ​မောင်းနှင်လာ​သော အစိမ်းရောင် ၆ ဘီးယာဉ်တစ်စီးသည် အမှတ် ၁​ပေါက်တံတား​​ပေါ်တွင် အရှိန်​မထိန်းနိုင်ပဲ တံတားယာဘက်ခြမ်းရှိ လက်ရန်းတိုင်များ ဝင်တိုက်ကာ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာပေး လက်ကမ်းစာစောင်များနှင့် လက်သန့်ဆေးရည်ဗူးများ လှူဒါန်း
Mar 31,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာရေးလက်ကမ်းစာစောင် ၈၀၀၀ နှင့် လက်သန့်ဆေးရည် ငါးလီတာဆန့် ၁၆ ဗူး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ပြုလုပ်သည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်အလက်များအား အသိပညာပေး
Mar 31,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဝန်ထမ်းများက COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်အလက်များအား မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ စတင်ကာ ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များသို့ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ မင်းတဲကုန်းကျေးရွာနှင့် သရက်တော ကျေးရွာအုပ်စု ၊ မင်းဇံကျေးရွာတို့မှ မီဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ဘားအံမြို့တွင် လူထုအခြေပြုစောင့်ကြည့်စခန်းများ စတင်ဖွင့်လှစ်ထားရှိ
Mar 31,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေများကြောင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်းခံရသဖြင့် ထိုင်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ကြသူ မြန်မာအလုပ်သမားများသည် မြဝတီမှတစ်ဆင့် ပြန်လည်ရောက်ရှိလာရာ တွင် သီးသန့်ထား စောင့်ကြည့်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူထုအခြေပြုစောင့်ကြည့်စခန်း အဖြစ် စီစဉ်ထားသည့် ထောင်ဝိ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲသို့ ယမန်နေ့ ညနေပိုင်းက စတင်ရောက်ရှိလာခဲ့ကြ ကြောင်း သိရသည်။
ဆောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ၍ ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်း
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း သိရ၍ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက်
ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး နှာခေါင်းစည်း (Mask) ၁၅၀၀ ထောက်ပံ့ပေးအပ်
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း (Mask) အခုရေ ၁၅၀၀ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။