မယ်စဲ့ စက်တင်ဘာ ၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးဆောင်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းကို စိုက်ပျိုး ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီ က ဟိုဖကျေးရွာခန်းမ ဆောင်၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးငြိမ်းထက်အောင်က ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အသိပညာ ပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ နည်းပညာများကို ဟိုဖကျေးရွာ ပြည်သူများအား တစ်ရက်တာ သင်တန်းပိုချခဲ့ ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)