ကျိုက်ထိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့်မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းဆွေးနွေး

ကျိုက်ထို  စက်တင်ဘာ   ၂

ကျိုက်ထိုမြို့နယ်၌ ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲ၀င်းထိုက်က ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် ကိုဗစ် -၁၉ကာလတွင် မဲရုံများ‌ ဆောင်ရွက်ရာတွင်လည်း ကျန်းမာ‌ရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  ဆောင်ရွက်စေလိုကြောင်းကိုလည်း‌ ကောင်း၊ ရွေးကောက်ပွဲအရာရှိ ဒေါ်သိမ့်သိမ့်သူက ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မဲဆန္ဒရှင်များ၏ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လွှာ ဆောင်ရွက်မှု အခြေအနေများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန် ကြေငြာရာတွင်  မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရလေအောင် သက်ဆိုင်ရာဌာန အသီးသီးတို့က ဝိုင်း၀န်းပေါင်းစပ် ဆောင်ရွက်‌စေလိုကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့‌နောက် တက်ရောက်လာကြသောရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများ၏ မေးမြန်း တင်ပြ ချက်များကိုသက်ဆိုင်ရာ တာ၀န်ရှိသူများကပြန်လည်‌ ဖြေကြားခဲ့‌ ကြောင်းသိရသည်။

သန်းသန်းမော်(ကျိုက်ထို)