လမိုင်း စက်တင်ဘာ ၂
မွေးစမှ(၁)နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက လမိုင်းမြို့ မြို့မ(၁) ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက် ကျန်းမာရေး တာဝန်ခံ ဒေါ်စန်းလှနှင့်ဝန်ထမ်းများ၊ ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် အဖွဲ့ဝင်များက စုပေါင်း၍ ရပ်ကွက်အတွင်းရှိ မွေးစမှ အသက် (၁) နှစ်ခွဲကလေးငယ်များ အား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း၊ ပေါင်ချိန်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးထိုး ပေးခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြာချက်နှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်ဇာစိုး (လမိုင်း)