ကော့သောင်းနယ်စပ်မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိုင်းနိုင်ငံမှစည်းကမ်းများတိုးမြှင့် တင်းကြပ်ကန့်သတ်
Sep 04,2020
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလတစ်လျှောက် မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်းသွားလာမှုများပိတ်သိမ်းထားခဲ့သော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး နှစ်နိုင်ငံတာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းသဘောတူညီမှုဖြင့် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ရေထွက်ပစ္စည်း တင်ပို့ရောင်းချမှုနှင့် ပြည်ပမှ အခြေခံစားသောက်ကုန်ဝယ်ယူတင်သွင်းမှုများကို မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်း-ရနောင်း ရောင်းဝယ်ဖေါက်ကားမှုကို ရောဂါထိန်းချုပ်မှုစည်းကမ်းချက်များဖြင့် ဆက်လက်ခွင့်ပြုထားရာမှ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြန်လည်မြှင့်တက်လာသဖြင့် ထိုင်းနိုင်ငံဖက်မှ ရေထွက်ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းများတွင် စည်းကမ်းများ တိုးမြှင့်တင်းကြပ် ကန့်သတ်ထားကြောင်း သိရသည်။