ရေဦး စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် COVID – 19 ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အ တွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရောင်းချစေရေးတို့အတွက် ယနေ့ နံနက် ၈ နာရီက ရေဦးမြို့ဈေးနှင့် ပတ်၀န်းကျင် အနီးရှိ စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့မှ တာ၀န်ရှိသူများက တစ်ဆိုင်၀င် တစ်ဆိုင် ထွက်ဖြင့် ဈေးသည်များ နှာခေါင်းစည်းတပ်၍ ရောင်းချခြင်း ရှိမရှိ၊ လက်ဘက်ရည်ဆိုင်နှင့် စားသောက် ဆိုင်များတွင် လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိမှု၊ စားပွဲများ သတ်မှတ်အကွာ အဝေးအတိုင်းခင်းကျင်းထားရှိမှု၊ အသိပညာပေးပိုစတာများ ကပ်ထားမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ အမြန်ဖြည့် ဆည်းဆောင်ရွက်ပေးရန်နှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်ပတ်သက်၍ သိရှိနိုင်ရေး အသိပေးပြောကြားခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းသန်း (ပြန်/ ဆက်)