အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ပေး

 

ဆီဆိုင်     စက်တင်ဘာ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့် ကလေး ကျန်းမာရေး ဌာန၌ ယနေ့  နံနက် ၈ နာရီခွဲက အသက်(၂)လမှ (၂)နှစ်အထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများအား Covid-19 ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်

ပုံမှန်ကာကွယ်ဆေးထိုးပေးရာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင် အသား ဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန် ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေး (၁၂)မျိုးကို ထိုးနှံပေးခြင်း၊ ကလေး ကိုယ် အလေး ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဖြူဖြူဝင်း ထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)