အလုံ စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ စောနောက် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည် များ၊ ရေအိုးရေခွက်များနှင့် ရေဝပ် နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လမ်းများ မပေါက်ဖွား စေနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်း ရေကန်များ၊ ရေစည်များ အတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် သွေးလွန်တုပ်ကွေးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ခြင်း၊ ကိုဗစ်−၁၉ ကာကွယ်ရေး Hand Held Loudspeaker ဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အလုံမြို့နယ်တွင် သွေးလွန်းတုပ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)