မေတ္တာမြို့ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ
Sep 05,2020
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်များစာရင်းကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ(၁)ရက်နေ့ မှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။