ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်မားလာချိန်အတွင်း ဧည့်ရိပ်သာများနှင့် စားသောက်ဆိုင်များအား ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

လှည်းကူး      စက်တင်ဘာ   ၅

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်မားလာချိန်အတွင်း ဧည့်ရိပ်သာများနှင့် စားသောက်ဆိုင်များအား ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်(၁၂)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ဦးဆောင်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အများပြည်သူများ ထိတွေ့မှုများပြားသည့် နေရာများဖြစ်သော လှည်းကူးမြို့ပေါ်ရှိ ဧည့်ရိပ်သာ(၄)ခုနှင့် စားသောက်ဆိုင်(၁၅)ဆိုင်တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော သတ်မှတ် ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိမရှိ လိုက်လံစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

နိုင်လင်း(လှည်းကူး)