နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း   စက်တင်ဘာ ၅

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် မလေးရှားနိုင်ငံမှ လာရောက်သည့် MV.PAN TOPAZ သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး၊ မလေးရှားနိုင်ငံမှ လာရောက်သည့် M.T GOLDEN UNITY သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MT CT CONFIDENCE သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး၊ စုစုပေါင်း သင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၃၅)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ ဝင်ရောက် လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၃၅)ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင် ရောက်ရှိနေသည့် MV.PAN TOPAZ သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးဇော်ဝင်းမြင့်ပါ သင်္ဘောသား (၁၅)ဦး ၊ M.T GOLDEN UNITY သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်မျိုးလွင်ပါ  သင်္ဘောသား (၁၁) ဦး၊ MT CT CONFIDENCE သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသီဟစိုး ပါ  သင်္ဘောသား (၉)ဦး တို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၃၅)ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိဌာန ဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ် သည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)