မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးဘေးတစ်လျှောက်ရှိ ရေမြောင်းများအတွင်း သန့်ရှင်းရေး ဆောင်ရွက်

မူဆယ်    စက်တင်ဘာ   ၅

မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးဘေး ရေမြောင်းများ ကို သန့်ရှင်းရေးဆောင်ရွက်ခြင်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ သန့်ရှင်းရေး ဌာနစိတ် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် ပိုးလောက်လမ်းများ ပေါက်ဖွားခြင်းမှ  ကင်းဝေးပြီး ရာသီ အလိုက် ဖြစ်ပေါ်တတ်သည့် တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါများ မဖြစ်ပေါ်စေရန်တို့အတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ၏ လမ်းညွှန်ချက်အရ မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးဘေးဝဲယာ တစ်လျှောက်ရှိ ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်များ၊ နုန်းများကို ဆယ်ယူခြင်း၊ ရေမြောင်းဘေးပတ်လည်တွင် ပေါက်ရောက်နေသော ချုံနွယ်ပေါင်းပင်များ အား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက်  သန့်ရှင်းရေးဌာနစိတ်မှ ဒုတိယဦးစီးမှူး ဦးသီဟသူ နှင့် ဝန်ထမ်းများက စုပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

စန္ဒာ(ပြန်/ဆက်)