ကျိုက်လတ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး အစည်းအဝေး ကျင်းပ

ကျိုက်လတ်   စက်တင်ဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နေ့လယ်(၁) နာရီက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး အစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု၊ စုစုပေါင်း (၉၃) ခု အနက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ အုပ်စု (၇၆) ခုကို လည်းကောင်း၊ စက်တင်ဘာ(၁၂) ရက်နေ့တွင် ရုံးဒေါင့် တိုက်နယ် အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျေးရွာအုပ်စု (၁၇) အုပ်စုကိုလည်းကောင်း ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များက အဆိုပါ သင်တန်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဖွင့်လှစ်ပို့ချနိုင်ရေးကို ကျန်းမာရေး ဦးစီးဌာနနှင့် လည်းကောင်း၊  မဲရုံများတွင် တာဝန်ထမ်းဆောင်နိုင် မည့် မဲရုံမှူး၊ ဒုမဲရုံမှူး စာရင်းများ ပေးပို့နိုင်ရေး ကို ပညာရေးဌာနနှင့် လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)