လမိုင်း စက်တင်ဘာ ၇
မွန်ပြည်နယ်၊လမိုင်းမြို့၊မြို့မ(၁)ရပ်ကွက်ရှိ လမိုင်းမြို့ဘူတာရုံသို့ ဆိုက်ရောက်လာသော ခရီး သွား ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာ များ နှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ယမန်နေ့ နံနက် ၉နာရီ ၃၀ မိနစ် အချိန်က လမိုင်းမြို့သို့ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့တွင် လမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်းနှင့်ဌာနဆိုင်ရာများ၊မီးသတ် တပ်အဖွဲ့ဝင်များ၊ကျန်းမာရေးဆရာမတို့က ဘူတာရုံတွင်ဆင်းသည့် ခရီးသည် ကျား(၂)ဦး၊ မ(၇)ဦး၊ စုစုပေါင်း(၉)ဦးအား အမည်စာရင်းရယူခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ ကိုယ် အပူချိန် တိုင်းတာခြင်းများပြုလုပ်ဆောင်ရွက်ပြီး Mask တပ်ဆင်ခြင်း COVID-19 ရောဂါနှင့် ပတ်သတ်ပြီးကျန်းမာရေးအသိပညာပေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တင်ဇာစိုး (လမိုင်း ပြန်/ဆက်)