လမိုင်း စက်တင်ဘာ ၇
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့၌ ပရဟိတလူငယ်အဖွဲ့မှ COVID-19 ရောဂါကူး စက်ပြန့် ပွားမှုမှ ကာကွယ်နိုင်ရန် Maskများကို ယမန်နေ့နံနက်ပိုင်းက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြ သည်။
အဆိုပါ Maskများအခမဲ့ဖြန့်ဝေရာတွင် လမိုင်းမြို့ ပရဟိတလူငယ်အဖွဲ့ခေါင်းဆောင် ဦးနိုင်ဝင်း အပါအဝင် အဖွဲ့ဝင်(၂၀)ဦးခန့်က လမိုင်းမြို့၊မြို့မ(၁)ရပ်ကွက်ရှိ ရှင်စောပုစျေးကြီး၊ မြို့မ (၂) ရပ်ကွက်ရှိ လမိုင်းမြို့ဘူတာရုံပျံကျစျေး တို့တွင်စျေးရောင်းစျေးဝယ်လာရောက်သူများ၊ Mask တပ်ဆင်မှုမရှိသူများအား Mask များတပ်ဆင်ပေးခြင်း၊ Hand Gel များ ဖြင့်လက်များကို သန့် စင်စေခြင်းတို့ ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း Maskအရေအတွက် (၂၀၀၀)ခန့်အားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
တင်ဇာစိုး(ပြန်/ဆက်)