ဂန့်ဂေါ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် အသစ်တည် ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်းတို့ဖြင့် မြို့သာယာလှပရေးကို ဆောင်ရွက်လျက်ရှိရာတွင် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်၊ မြစ်သာမြစ်ရှောင်လမ်းနှင့် အသောကလမ်းကို ဆက်သွယ်ထားသည့် အသောကလမ်းသွယ်(၄) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဩဂုတ် ၂၅ ရက်နေ့မှစ၍ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၆၀၀၀၀၀၀/-)တိတိဖြင့် အလျား(၂၁၄)ပေ၊ အနံ(၁၂)ပေနှင့် (၈)လက်မထုဖြင့် ကွန်ကရစ်ခင်းခြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
မိုးရာသီမိုးရေများသည့်အခါ၌ အဆိုပါလမ်းမှာ သွားလာမှုခက်ခဲခဲ့သော်လည်း လုပ်ငန်းပြီးစီး သွားပါက အများပြည်သူများနှင့် မော်တော်ယာဉ်များ ဆက်သွယ်သွားလာမှု အဆင်ပြေသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသန်း(ပြန်/ဆက်)