အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask (၂၅၀၀)ခုအား အခမဲ့ဖြန့်ဝေ

အောင်လံ စက်တင်ဘာ  ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့နယ်လူငယ်ရေးရာကော်မတီမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask (၂၅၀၀)ခုအားအခမဲ့ဖြန့်ဝေမှုကို ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်က မြို့မစျေးကြီးနှင့် ရွာထောင်တပ်စျေးတို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စျေးကော်မတီဝင်များ နှင့် အောင်လံမြို့နယ်လူငယ်ရေးရာအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် Action aid Myanmar တို့မှပူးပေါင်းလှူဒါန်းသော Mask (၂၀၀၀)ခုနှင့် အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီတို့မှ လှူဒါန်းသော Mask (၅၀၀)ခု စုစုပေါင်း(၂၅၀၀)ခုကို အောင်လံမြို့ Facility Quarantine Centre များအတွက် အခု(၅၀၀)နှင့် စျေးရောင်းစျေးဝယ်ပြည်သူများနှင့် လမ်းသွား လာပြည်သူများ ကိုအခုရေ(၂၀၀၀)ခုတို့အား အခမဲ့ဖြန့်ဝေ ပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)