ကျောင်းကုန်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲ အချိန် ကံကလေး အုပ်စုရှိ ငါးမွေးတောင်သူ (၁၃) ဦး၏ ငါးကန် ၇၄၇ ဒဿမ ၁၀ ဧက အတွက် သုံးလက်မအရွယ် ငါးသားပေါက် (၁၄၉၄၂၀၀) ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ နံနက် ၈ နာရီခွဲအချိန် တံခွန်တိုင်အုပ်စုရှိ ငါးမွေးတောင်သူ (၁၁) ဦး၏ ငါးကန် ၇၅ ဒဿမ ၇၀ ဧကအတွက် ငါးသား ပေါက်ကောင်ရေ (၁၅၁၄၀၀) ကောင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးသားပေါက် ပေးအပ်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိူးဝင်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိဌာနများမှ မြို့နယ်ဦးစီးမှူးများ၊ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)