ငရုတ်ကောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) မတပ်သူများ ယခုဝယ် ယခုတပ် စနစ် ဆောင်ရွက်ခြင်းနှင့် စားသောက်ဆိုင်များအား ကွင်းဆင်စစ်ဆေး

ငရုတ်ကောင်း  စက်တင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဆောင်ရွက်ခြင်းနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်လင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ ငရုတ်ကောင်းမြို့ရဲစခန်း စခန်းမှူး ဦးထွန်းလင်းထက် နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့တို့မှ ငရုတ်ကောင်းမြို့ လမ်းမတော်လမ်းတစ်လျှောက် လမ်းဆုံ လမ်းခွများ၌ နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ်ယခုတပ် အစီအစဉ်များ ကြပ်မတ်ဆောင်ရွက်ပြီး မြို့တွင်းရှိ စားသောက် ဆိုင်နှင့်၊ လက်ဖက်ရည်ဆိုင်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)