လယ်ဝေးမြို့နယ် ကြိမ်ဖန်ကျေးရွာ Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

လယ်ဝေး    စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ ဆောင်ရွက် လျက်ရှိသည့် Cash For Work စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုများအား နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက မန်နေ့နံနက်()နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင်ဦးစီးမှူး ဦးမျိုးတင့်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ် မဒေါ့ပင်အုပ်စု ကြိမ်ဖန်ကျေးရွာ ကုန်ထုတ်လမ်း အရှည်ပေ(၃၆၀၀) စတင်ဆောင်ရွက်နေမှုနှင့် ရေကျော်လမ်းအရှည်ပေ(၂၂၀) ကွန်ကရစ် ခင်းခြင်း လုပ်ငန်း (၇၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်း လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ကြရန်၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

အဆိုပါ ကြိမ်ဖန်ကျေးရွာသည် လယ်ဝေးမြို့နှင့် (၁၁)မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ (၁၂၉)အိမ်၊ လူဦးရေ(၅၅၁)ဦး နေထိုင်လျှက်ရှိပြီး တောင်ယာနှင့် မိုးကောင်းသောက် စပါးများ စိုက်ပျိုးကြကြောင်း၊ ယခုစီမံကိန်းကိုကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင် ရွက်သည့်အတွက် မိသားစုဝင်ငွေရရှိခြင်း၊ စားဝတ်နေရေးအခက်အခဲများ ကုစားပေးခြင်းတို့ အပြင် စီမံကိန်း လုပ်ငန်းများပြီးစီးပါက တောင်ယာမှထွက်ရှိသည့် သီးနှံများအားအချိန်မီ သယ်ယူကာဈေးကွက်သို့ပို့ဆောင်နိုင်ခြင်းတို့ဖြင့် ကျေးရွာ ပြည်သူများအား အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)