ကျော စက်တင်ဘာ ၇
ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကျောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ငွေဗိုက် Application အကြောင်းရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ်ကပြုလုပ်ရာ ကျောမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦး က အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လဲ့ရည်လှိုင် က ငွေဗိုက် Application နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ကျောမြို့ဒေသတွင် လက်ရှိ၌ ကိုယ်ဝန်ဆောင်မိခင် ၇၂ ဦးရှိကြောင်းနှင့် ငွေဗိုက် Application ထည့်သွင်းခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
တောင်သားမောင်သန်း