ရေစကြို စက်တင်ဘာ ၇
ရေစကြိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ယမန်နေ့ နံနက် ၈ နာရီအချိန်က နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ရေစကြိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်သူ ဦးဆောင်ပြီး ဇူလိုင်လမှ စတင်၍ရပ်ကွက်/ ကျေးရွာအုပ်စု ၃၀ သို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်သူ ၁၅၅၇ ဦးခန့် ပြုလုပ်ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။
ထိုသို့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နိုင်ငံ သား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းသည် ပြည်သူများ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပါရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအတွက် မဲပေးခွင့် မဆုံးရှုံးစေရန် နေ့ချင်းပြီး ကွင်းဆင်း ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နွယ်နွယ်အောင်(ပြန်/ဆက်)