ဒေါ့ဖုန်းယန် စက်တင်ဘာ ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ ခြင်အန္တရယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ခြင်းကို ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ဆိုင်းနန်၊ သားဖွားဆရာမ ဒေါ်ရီနွယ်ဝင်းနှင့် ဆရာ၊ ဆရာမ များက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စုရပ်အဖွဲ့ (၃) ဖွဲ့ခွဲ၍ ဖာကေကျေးရွာအုပ်စုနှင့် အမှတ် (၁၄၂) ခြေလျှင်တပ်ရင်းကို လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်ရှိအမှတ်( ၁ )၊( ၂ )၊( ၃ ) ရပ်ကွက် တို့ကိုလည်းကောင်း အသီးသီးဖြန့်ဝေပေးပြီး ဆေးစိမ်ခြင်ထောင်နှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို ရှင်းလင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အိမ်ထောင်စု တစ်စုအတွက် ( ၂ ) ယောက်လျင် တာရှည်ခံ ဆေးစိမ်ခြင်ထောင် (၁ ) လုံးနှုန်းဖြင့် အခမဲ့ဖြန့်ဝေပေးရာ တာရှည်ခံ ဆေးစိမ်ခြင်ထောင် အလုံးရေ ( ၂၄၂၄ ) လုံးကို အသီးသီး ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရှိရသည်။
မြသက်( ပြန်/ဆက်)