ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စက်တင်ဘာ ၂၀ ရက်နေ့ ထိုးနှံပေးမည်

မင်းတပ်  စက်တင်ဘာ ၇

ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို  မင်းတပ်မြို့နယ်ရှိ အသက် (၉) နှစ်နှင့် (၁၀) နှစ်အထက် အမျိုးသမီးများကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ထိုးနှံပေးနိုင်ရန်အတွက် စက်တင်ဘာ  (၅) ရက်နေ့တွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ သင်တန်းပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြည်သူ့ကုသကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းနိုင်က "သားအိမ်ခေါင်းကင်ဆာဖြစ်စေမည့် ဗိုင်းရပ်စ်ပိုး Human Papilloma Virus (HPV) ကနေ စတင်ဖြစ်ပွားတာများပြီး အမျိုးသမီးများရဲ့ သားအိမ်ခေါင်းတွင် အသားပို၊ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမှ သားအိမ်ခေါင်းကင်ဆာအဆင့်အထိ ပြောင်းလဲစေနိုင်တဲ့အတွက် ကာကွယ်ဆေးကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ သားအိမ်ခေါင်း ကင်ဆာ ရောဂါပိုးဟာ ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါပိုးဖြစ်ပြီး အသက် (၉) နှစ်နှင့် (၁၀) နှစ်ပြည့်ပြီးသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်ပုံမှန်ထိုးနှံ ပေးသွားမှာဖြစ်ပါတယ်၊ မင်းတပ်မြို့မှာ ကာကွယ် ဆေးထိုးနှံပေးမယ့် လူဦးရေစာရင်းကိုတော့ သြဂုတ်လကတည်းက စာရင်းကောက်ယူထားပြီးဖြစ်ပါတယ်။ ယင်းကာကွယ် ဆေးကို ကျောင်းတွေမှာ အခြေပြု ထိုးနှံပေးဖို့စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် ရပ်ကွက်ရုံးတွေနဲ့ ဆေးပေးခန်း တွေမှာ ထိုးနှံပေးဖို့လျာထားပါကတည်းက စာရင်းကောက်ယူထားပြီး ဖြစ်ပါတယ်။ ယင်းကာကွယ်ဆေးကို ကျောင်းတွေမှာ အခြေပြု ထိုးနှံပေးဖို့ စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေတဲ့အတွက် ရပ်ကွက်ရုံးတွေနဲ့ ဆေးပေးခန်းတွေမှာ ထိုးနှံပေးဖို့ လျာထားပါတယ်၊ မြန်မာနိုင်ငံမှာတော့  အဆုတ်ကင်ဆာရောဂါမှာ အဖြစ်အများဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာမှာ ဒုတိယအများဆုံး ဖြစ်ပါ တယ်။" ဟုပြောကြားသည်။

ခရိုင် ပြန်/ဆက်